‌ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ပုသိမ်ကြီး မတ် ၂၄

မန္တလေးတိုင်း‌ဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်‌ရေး မီးဘေးလုံခြုံရေး စစ်ဆေးမှုများကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ မြို့နယ် မီးသတ်ဒု-ဦးစီးမှူး ဦးရှိုင်းကွန့်မြူးနှင့် သ‌န္ဓေတပ်ဖွဲ့၀င် ၅ ဦး တို့ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/မီးကပ်/ သဲ/ရေ/ မီးသတ်ဆေးဘူးများ  ပြည့်စုံစွာ ထားရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာနခန်းမအတွင်း ဖွင့်လှစ်ထားသည့် အခြေခံစက်ချုပ်ပညာသင်တန်းသို့ ရောက်ရှိ၍ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မေဝတီ (ပုသိမ်ကြီး ပြန်/ဆက်)