ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် မတ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ရှေးဦး သူနာပြုစုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့‌နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  သင်တန်းနည်းပြအဖြစ် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ဒေါ်အေးအေးဖြိုး(မြို့နယ်တပ်ဖွဲ့မှူး)၊ ဦးထွန်းထွန်း၀င်း (ဒု-မြို့နယ်တပ်ဖွဲ့မှူး)နှင့် ဒေါ်အေးအေးမိုး (တပ်ခွဲမှူး)တို့က ကြက်ခြေနီသမိုင်း‌ကြောင်းနှင့် အမှတ်အသားအကြောင်း၊ ကြက်ခြေနီ အခြေခံမူ၇ချပ်၊ ရှေးဦးပြုစုခြင်း၏ရည်ရွယ်ချက်၊ ရှေးဦးပြုစုသူလိုက်နာရမည့်အချက်များ၊ သွေးအကြောင်းများ၊ အခြေခံအသက်ကယ်‌ အထောက် အကူပြုနည်းလမ်းများ(CPR)၊ ပတ်တီးစည်းနည်းများနှင့် အထွေထွေအရေးပေါ်ပြုစုနည်းအစရှိသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ ရှေးဦးသူနာပြုစုနည်းသင်တန်းအား ပြင်ဦးလွင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၁ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၂၃.၃.၂၀၂၆ ရက်နေ့မှ ၂၅.၃.၂၀၂၆ရက်နေ့အထိ သုံးရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)