ကျောက်ဆည်မြို့နယ် တိုက်နယ်(၆)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ နွေနှမ်း ၈၅၄ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ်(၆)မှ ကျေးရွာအုပ်စု ၅ အုပ်စု၌ နွေနှမ်း ၂၆၇၇ ဧက စိုက်ပျိုးရန်လျာထားပြီး ၈၅၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

တိုက်နယ်(၆)အတွင်းရှိကျေးရွာအုပ်စုများသည် နွေနှမ်းများစိုက်ပျိုးရာ၌ မင်းရဲမြောင်းနှင့် သင်းတွဲမြောင်းရေများကို သုံးစွဲ၍ စိုက်ပျိုးကြောင်းနှင့် အရှေ့ငယ်တိုးကျေးရွာအုပ်စု၌ မင်းရဲမြောင်းရေဖြင့် ၂၉၈ ဧက၊ သင်းတွဲ မြောင်းရေဖြင့် ၁၂၄ ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စု၌ မင်းရဲမြောင်းရေဖြင့် ၅ ဧက၊ သင်းတွဲမြောင်းရေဖြင့် ၃၈ ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စု၌ မင်းရဲမြောင်းရေဖြင့် ၃၆ ဧက၊ သင်းတွဲမြောင်းရေဖြင့်၂၆၉ ဧက၊ ရွှေဒါးကျေးရွာအုပ်စု၌ သင်းတွဲမြောင်းရေဖြင့် ၄၈ ဧက၊ ရဲဘော်ကြီး ကျေးရွာအုပ်စု၌ သင်းတွဲမြောင်းရေဖြင့် ၃၆ ဧက စုစုပေါင်း ၈၅၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)