မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

မိတ္ထီလာ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အောင်ဆန်းရပ်ကွက်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်နေပြည်သူများ၏နေအိမ်များ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား မှုရှိမရှိအား တစ်အိမ်တက်ဆင်းစစ်ဆေးအကြံပြုခြင်းလုပ်ငန်းကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောင်ဆန်းရပ်ကွက်အတွင်းရှိ လူနေထူထပ်ပြီးယာဉ်ဝင်ထွက်သွား လာရ ခက်ခဲပြီး မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများရှိ လူနေအိမ်များသို့  တစ်အိမ်တက်ဆင်း  သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော မီးချိတ်မီးကတ်၊ ရေ၊သဲ၊ လှေ ကား၊ မီးသတ်ဆေးဘူးများ ထားရှိမှုရှိ၊မရှိတို့အား စစ်ဆေးအကြံပြုခြင်းများကို ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ