‎မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လှည့်လည်ကြည့်ရှု

မဟာအောင်မြေ မတ် ၂၃

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို  မဟာအောင်မြေမြို့နယ် အ.ထ.က(၁၃) ကျောင်းစာဖြေဌာန၌ ယနေ့မွန်းလွဲပိုင်းက ဖြေဆိုကျင်းပ သည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ အထူးစစ်ဆေးရေးဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများက ဦးစွာကြည်ညိုပြီး မဟာအောင်မြေမြို့နယ်၊ အ.ထ.က(၁၃)ကျောင်း၌ ပါရာဇိကပါဠိအဋ္ဌကထာ (ပထမနေ့) ဖြေဆိုလျက်ရှိသော သံဃာတော် ၆၅၃ပါးကို လှည့်လည်ကြည်ညိုခဲ့ကြောင်းသိရသည်။

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ စာရင်းရှိ  သံဃာတော် ၇၅၆ပါး ဖြေဆိုသံဃာတော် ၆၅၀ ပါး ပျက်ကွက်သံဃာတော် ၁၀၆ပါး၊ စာရင်းရှိသီလရှင် ၃ ပါး ဖြေဆိုသီလရှင် ၃ ပါး စုစုပေါင်း ၆၅၃ပါး ဖြေဆိုလျက်ရှိရာ မတ်လ ၂၃ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း