ညောင်ဦး မတ် ၂၃
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏လမ်းညွှန်ချက်နှင့်အညီ မတ် ၂၃ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် ၃ နယ်မြေ၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ လူနေအိမ်များမီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းလှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးရဲမင်းထွန်း ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ အမှတ် ၃ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၂ ဦး၊ စုစုပေါင်း ၁၅ ဦးပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ် ၃ နယ်မြေ၊ အောင်ဇေယျရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ တစ်လမ်းခြင်းအလိုက် တစ်အိမ်တက်ဆင်းဖြင့် မီးသုံးစွဲမှုအခြေအနေများ စစ်ဆေးအကြံပြုခြင်း၊လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးကြိုးများ သွယ်တန်းအသုံးပြုမှုနှင့် ပတ်သက်၍ စစ်ဆေးအကြံပြုခြင်း၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဖြည့်တင်းထားရှိမှု၊ မီးသတ်ယာဥ်ဝင်/ထွက်လမ်း အစရှိသည်တို့အား စစ်ဆေးအကြံပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့၊ အမှတ် (၃) နယ်မြေအတွင်းရှိ ၊ရပ်ကွက်များသည် လူနေအိမ်ခြေထူထပ်ခြင်း၊ မီးလောင်လွယ်သော အဆောက်အဦးအမျိုးအစားများပြားခြင်း၊ မီးသတ်ယာဉ်ဝင်/ထွက် လမ်းများကျဉ်းမြောင်းခြင်းနှင့်အချို့သောလမ်းများအနေဖြင့် မီးသတ်ယာဉ်များဝင်/ ထွက်သွားလာ၍ မရခြင်းစသည်တို့ကြောင့် မီးဘေးစိုးရိမ်ရသော ရပ်ကွက်များဖြစ်သဖြင့် ယခုကဲ့သို့ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးအကြံပြုခြင်းလုပ်ငန်းများအား ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ဆေးအကြံပြုရာတွင် အဆိုပါရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၅၄ လုံး၊အိမ်ထောင်စု ၁၉၀ စုနှင့်လူဦးရေ ၇၂၀ ဦးတို့အား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ စစ်ဆေးခြင်းနှင့်အကြံပြုခြင်း၊ 191 Report Application အကြောင်းရှင်းလင်းပြော ကြားခြင်းနှင့် ဖုန်းတိုင်းတွင်ထည့်သွင်း အသုံးပြုစေရန် အကြံပြုခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း