ကွမ်းခြံကုန်းမြို့နယ်၌ နွေရာသီအ‌ခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ကွမ်းခြံကုန်း မတ်၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ဆိုပါ နွေရာသီးအခြေခံအားကစားသင်တန်းများဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုရာခြင်း၊ စားပဲတင်တင်းနစ် စသည့်အားကစားနည်း (၅) နည်းအား (၁၀-၃-၂၀၂၆) ရက်နေ့မှ ၃၁-၃-၂၀၂၆) ရက်နေ့အထိ ပိတ်ရက်မရှိ ဖွင့်လှစ်သင်ကြားပြီး အားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာ၊ မြို့နယ်အောင်ဆန်းသူရိယလှသောင်း အားကစားကွင်းရှိ၊ မြို့နယ်အားကစာခန်းမနှင့်‌ တော်ပုလွဲရပ်ကွက်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြိုနယ်အားကစားမှူး ဒေါ်စန္ဒာကျော်ထံမှ သိရသည်။

 ဆွေနွယ် (ပြန်/ဆက်)