မဟာအောင်မြေ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၌ သံလျက်မော်အရှေ့ရပ်ကွက်အဝေရာရာမ ရန်ကင်းကျောင်းတိုက်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ယနေ့ညနေပိုင်းက ထောက်ပံ့ပေးအပ်သည်။
အဆိုပါပေးအပ်မှုအား မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ပေးအပ်၍ အောက်တိုဘာ၊ နိုဝင်ဘာ ၊ဒီဇင်ဘာ သုံးလစာ တစ်လလျှင် နှစ်သောင်းနှုန်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြည်သူ ၁၅၀ အား ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း