မိုးနဲ မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တောင်ယာမီးရှို့မှု၊ တောမီးရှို့မှုများ စည်းကမ်းမဲ့မပြုလုပ်စေရေး အသိပညာပေးခြင်းလုပ်ငန်းအပြင် သစ်တောဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ၊ ဒေသန္တရအမိန့်အရ အရေးယူခြင်းခံရမည်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးခြင်းကို မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက နားခံအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးခိုးမြူငွေ့တွင်ပါဝင်သော ဓာတုပစ္စည်းများအကြောင်း၊ မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် မီးခိုးမြူငွေ့အား လျော့နည်းပပျောက် အောင်ဖြေရှင်းနိုင်သည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက မရှင်းလင်းသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)