မိုင်းယု မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီယဉ်ကျေးလိမ္မာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားကို ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြပြီး အလှူရှင်က လှူဒါန်းပေးသည့် ဗလာစာအုပ်နှင့်စာရေးကိရိယာများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ ၂၀ ရက်နေ့မှစတင်၍ ရက်သတ္တပတ်တစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြများအနေဖြင့် ဆရာ၊ ဆရာမများကပို့ချပေးလျက်ရှိပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်