ကျိုင်းတုံ မတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် သဘာဝရေထွက်တော၊ ရေထိန်းတောထိန်းသိမ်းကာကွယ်ရေးဥပဒေအရ ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသည့် ပင်းတောက်ကျေးရွာသုံး “နယာ” ရေထွက်တွင် ရေထွက်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို မတ် ၁၈ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကျေးရွာရပ်မိရပ်ဖိများက သဘာဝရေထွက်တောထိန်းသိမ်းရေးဧရိယာ၊ အမာခံနယ်မြေ၊ ကြားခံနယ်မြေဧရိယာသတ်မှတ်ခြင်း၊ တည်နေရာပြမြေပုံ ၊ Google Map မြေပုံ၊ ဥပဒေပါတားမြစ်ချက်ဆိုင်းဘုတ် စိုက်ထူခြင်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစွမ်းထက်နိုင်က သဘာဝရေထွက်တော၊ ရေထိန်းတော ထိန်းသိမ်းကာကွယ်ရေးဥပဒေပါတားမြစ်ချက်များ၊ ပြစ်ဒဏ်များကို ကျေးရွာသူ ကျေးရွာသားများအား ရှင်းလင်းမျှဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)