လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဟာရဒါနအဖြစ် အချိုရည်နှင့် မုန့်များ ကျွေးမွေး

လမ်းမတော် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဟာရဒါနအဖြစ်အချိုရည်နှင့် မုန့်များ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ထားရှိသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းမှ သင်တန်းသား သင်တန်းသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဥ္ဇာဝင်းပြည့်နှင့် အဖွဲ့ဝင်များက အဟာရဒါနအဖြစ် အချိုရည်နှင့် မုန့်များ ကျွေးမွေးခဲ့ကြသည်။

အဆိုပါနွေရာသီအခမဲ့သင်တန်းများအား လမ်းမတော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် ၃-၃-၂၀၂၆ ရက်နေ့မှ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို (၃) ပတ်ကြာသင်ကြားလျက်ရှိပြီး၊ အခြေခံအင်္ဂလိပ်စာသင်တန်းကို (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)