ကျောက်တန်းမြို့နယ်၌ အားကစားဆိုင်ရာအသိပညာပေးဟောပြော

ကျောက်တန်း မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားရုံ၌ ကျင်းပခဲ့သည်။

ဦးစွား ကျောက်တန်းမြို့နယ် အားကစားမှူး ဒေါ်သီတာမွန်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအတွက် အားကစားသည် အမှန်တကယ်အရေးကြီးပါကြောင်း ဘက်စုံထူးချွန်သော လူငယ်များဖြစ်ရန်လိုအပ်ပါကြောင်း နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်တန်းမြို့နယ် အမျိုးသမီးရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဒေါ်ခင်အေးညွှန့်မလည်း လူငယ်တွေအတွက်အား မရှိမဖြစ်လိုအပ်ပါကြောင်း အမျိုးသမီးရေးရာအဖွဲ့အနေနဲ့ ပူပေါင်းပါ၀င်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသန့်ဇင်ထွန်းက လူငယ်တွေမှာ ကျန်းမာကြံခိုင်ပြီး အသိပညာတိုးတက်ဖို့လိုကြောင်း ကိုယ်ခန္ဓာကြံခိုင်ဖို့ အားကစားပြုလုပ်ဖို့လိုသလို့ အသိပညာတိုးပွားစေရန် စာပေဖတ်ရှုဖို့လိုအပ်ပါကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)