ကျောက်တန်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီလဝါဆိပ်ကမ်းဒေသရှိ Myan Oil ဆီသိုလှောင်ကန်၏ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ဦးဆောင်အဖွဲ့၀င်များက ဆောင်ရွက်ခဲ့ရာ ဝန်းအတွင်းရှိ ကိုင်းမြက်များအား ရှင်းလင်းထားရှိရန်၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအား အပတ်စဉ်၊ လစဉ်စစ်ဆေးဆောင်ရွက်ရန် အားနည်းချက်များအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်သွားရန်နှင့် 191 Repot software အား တွင်ကျယ်စွာ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)