မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

မောက်မယ် မတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်များ နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် ဘာသာရေး၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို နမ့်ယွန်းခန်းမ၌ ယနေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် လိုအပ်သည့် စာရေးကိရိယာများကို သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ ဦးရေ စုစုပေါင်း ၆၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

မောက်မယ် (ပြန်/ဆက်)