ပင်းတယမြို့နယ်၌ “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်လှစ်သင်ကြားပေး

ပင်းတယ မတ် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဒေသအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် ယမန်နေ့က  “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ” သင်တန်းအမှတ်စဉ် (၂/၂၀၂၅-၂၀၂၆)ကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ‌ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပေးပြီး၊ သင်တန်းသုံးပစ္စည်းများကိုပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါသင်တန်းအား မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ၎င်းသင်တန်းတွင် သင်တန်းသား/သင်တန်းသူစုစုပေါင်း (၂၃)ဦး တက်ရောက်သင်ကြား‌နေကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)