မိုင်းရယ် မတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသည့် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုသို့ ယှဉ်ပြိုင်ကစားရာတွင် ပထမပွဲစဉ်အဖြစ် မန်ဖျက်အသင်းနှင့် နမ့်လန်အသင်းတို ကစားရာ (၁-၀) ရလဒ်ဖြင့် မန်ဖျက်အသင်းက အနိုင်ရရှိခဲ့ကြောင်းနှင့် နေ့လယ် ၃ နာရီတွင် မန်စန့်အသင်းနှင့် ရပ်ကွက် (၃)အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ပထမဆု ၁၀ သိန်းကျပ်၊ ဒုတိယဆု ၇ သိန်းကျပ်၊ တတိယဆု ၅ သိန်းကျပ်ဖြင့် ဆုများကို လျာထားပြီး ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက် (၃)၊ မန်ဖျက်၊ နမ့်လန်၊ မန်စန့်၊ ဟိုယ၊ မိုင်းဟနှင့် Mongyai KTV အသင်း စသည့် အသင်း(၉)သင်းတို ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)