မှော်ဘီ မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့မဈေးကြီးရှိ ဆိုင်ခန်းပိုင်ရှင်များ၊ ဝန်ထမ်းများ အားမီးဘေးလုံခြုံရေးဆိုင်ရာများ ထားရှိမှုအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းမီးသတ်ညွှန် ကြားရေးမှူး ဦးမင်းစမ်းအေးက မှော်ဘီစည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်ဦးနှင့် ဈေးတာဝန်ခံများအား တွေ့စုံကာအမှာစကားပြောကြားပြီးတိုင်း ညွှန်ကြားရေးမှူး ဦးစမ်းမင်းအေးနှင့် တာဝန်ရှိသူများက မှော်ဘီမြို့မဈေးကြီးရှိ ရေလှောင်ကန်များ ထားရှိမှုနှင့် ချောင်းအတွင်း အရေးပေါ်ရေလိုအပ်လျှင် လွယ်ကူစွာအသုံးပြုနိုင်မှုများ၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ထားရှိရမည့် မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကဒ်၊ သဲပုံ၊ ရေပုံးများ ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးကာ ရန်ကုန်တိုင်းမီးသတ်ညွှန်ကြားရေးမှူးမှ ဈေးတာဝန်ခံများနှင့် ဈေးသူ၊ ဈေးသားများအား လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့စုံစစ်ဆေးခြင်းသို့ ရန်ကုန်တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးနှင့် တာဝန်ရှိအဖွဲ့များ၊ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်ဦး၊ မှော်ဘီဈေးတာဝန်ခံ ဦးဝေလင်းအောင်၊ မှော်ဘီမြို့နယ် (ခေတ္တ) မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူး၊ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်ထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
ကောင်းမြတ်သူ