ကွမ်းခြံကုန်း မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စတုတ္တအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်ကို မတ် ၁၇ ရက်နေ့က မယ်ရကုန်းကျေးရွာအုပ်စု၊ မယ်ရကုန်းနှင့် တိုက်ကုန်းကျေးရွာများတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် ကျေးရွာတာဝန်ခံများမှ အသင်းသား (၁၃) ဦးအတွက် စတုတ္တအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းထုတ်ချေးငွေကျပ် (၁၁.၀) ကျပ်သန်းအား ထုတ်ချေးပေးခဲ့ခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပြောခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)