ကမာရွတ်မြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယနေ့နံနက် (၉) နာရီအချိန်မှစ၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းအိကလျာထွန်းနှင့် အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဝင်းအောင်နှင့် အားကစားနည်းပြဆရာများ ရပ်မိရပ်ဖများ၊ အားကစားကို စိတ်ပါဝင်စားသူ လူငယ်စုစုပေါင်း ကျား (၇၀) ဦး၊ မ (၄၀) ဦး ‌စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်ဇူလိုင်‌မွှေးမှ အားကစားဆိုင်ရာသိသင့်‌သော အသိပညာဗဟုသုတများကို လူငယ်များ သိတတ်နားလည်၍ အားကစားကို စိတ်ပါဝင်တက်ကြွစွာ ပါဝင်ကစားလာစေရန်အတွက် ရည်ရွယ်၍ ဟောပြောခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့ (ပြန်ဆက်)