သံဖြူဇရပ် မတ် ၁၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မတ် ၁၆ ရက်နေ့မှစတင်၍ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ ကျေးရွာများသို့ နွေရာသီရေပေးဝေရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရေပေးဝေခြင်းလုပ်ငန်းကို သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ ခလရ (၃၁) တပ်မြေအတွင်းရှိ (၄")အဝီစိတွင်းနေရာတွင် ၂၀၂၆ ခုနှစ်အတွက်မြို့နယ်အထောက်အကူပြုကော်မတီအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ကပေးအပ်ထားသည့်စက်သုံးဆီများဖြင့် မြို့ရေပေးဝေရေးလုပ်ငန်းများ၊ စတင်ဆောင်ရွက်ရာ၊ သံဖြူဇရပ် တပ်နယ်မှူး၊ ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်မိုးလွင်၊ မြို့အထောက်အကူပြုအဖွဲ့ဝင်များ၊ ရေးပေးဝေရေးလုပ်ငန်းဆောင်ရွက်သူများမှ ဆောင်ရွက်ခဲ့ရာ တပ်နယ်မှူးမှ လိုအပ်သည်များ ကိုမှာကြားပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)