ပေါင်မြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ ရူပဗေဒ/သမိုင်းဘာသာရပ်ဖြေဆိုနေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ပေါင် မတ် ၁၈

မွန်ပြည်နယ်‌၊ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခု ဖွင့်လှစ်‌ဖြေဆိုလျက်ရှိရာယနေ့တွင် ရူပဗေဒ/ သမိုင်းသာရပ်အား ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ သထုံ၊ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပေါင်မြို့နယ်တွင် (အထက)ပေါင်၊ (အထက)ဇင်းကျိုက်၊ (အထက)မုတ္တမ စာစစ်ဌာန(၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုခွင့်ရှိသူ (၇၆၆)ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ(၇၄၀)ဦးနှင့် သမိုင်းဘာသာရပ်‌ ဖြေဆိုခွင့်ရှိသူ(၃၈)ဦးအနက် (၃၄)ဦးလာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)