နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် MSME ထုတ်ကုန်ဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

တပ်ကုန်း မတ် ၁၈

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများလိုက်ပါ၍ တပ်ကုန်းမြို့နယ် (MSME)ထုတ်ကုန်ဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တွေ့ဆုံခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် သီးနှံများဖြင့် (MSME)ထုတ်ကုန်ဖွံ့ဖြိုးလာစေရေး၊ (MSME)ထုတ်ကုန်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်နိုင်ရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားဖော်ဆောင်ရေးလုပ်ငန်းအောင်မြင်ရေး၊ တောင်သူများ မျိုးကောင်း၊ မျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သီးနှံထွက်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊ အလေးချိန်ခွင် မှန်ကန်စွာရောင်းချနိုင်ရေးနှင့် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ အခက်အခဲဖြစ်ခဲ့ပါက မြို့နယ်ကုန်စည်ဒိုင်မှ ကူညီဆောင်ရွက်ရေး၊ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ပညာရှင်များ ချိတ်ဆက်ပေးနိုင်ရေး၊ ကုန်သည်ပွဲစားများ အခက်အခဲဖြစ်လာပါကလည်း  အုပ်ချုပ်ရေးအပိုင်းနှင့် အပြန်အလှန်ကူညီဆောင်ရွက်ရေး၊ ဆိတ်၊ နွားများ တိုးချဲ့မွေးမြူရေး၊ တိရစ္ဆာန်အစာထုတ်လုပ်မှုများဖြစ်ပေါ်လာရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးကိုကိုသက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ နေပြည်တော်(MSME)အသင်းဒုဥက္ကဋ္ဌ၊ မြို့နယ်(MSME)အသင်းဥက္ကဋ္ဌ၊ မြို့နယ်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌတို့က ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေမှုလုပ်ငန်းများ ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ကောင်စီဝင်က တင်ပြမှုများနှင့် စပ်လျဉ်းသည့်လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်