ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံပညာအဆင့် ဘင်ခရာတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံပညာအဆင့် ဘင်ခရာတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို မတ် ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုအား ပြသသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူရှင်များဖြစ်သည့် မြန်မာအာကာသအေဂျင်စီ၊ ဝါဝါဝင်းကုမ္ပဏီ၊ YOMA Group၊ ဦးအောင်မြတ် (Mother Trading) နှင့် ဦးအောင်ခင် (မန္တလာမင်း) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခြေခံပညာအဆင့်ဘင်ခရာ တပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့် တာဝန်ရှိသူများက အခြေခံပညာအဆင့်ဘင်ခရာတပ်ဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)