ဒဂုံမြောက် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် အမှတ် (၂၈) ရပ်ကွက် သခင်အုန်းခင်လမ်း အမှတ် (၃) ဈေးသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများကို မတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် အမှတ် (၂၈) ရပ်ကွက်၊ သခင်အုန်းခင်လမ်းရှိ အမှတ် (၃) ဈေးတွင် ဈေးတာဝန်ခံ ဦးရန်အောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဈေးသူဈေးသား (၂၅) ဦးတို့အား မီးသတ်ဆေးဘူး အသုံးပြုနည်းအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်မှ ရှင်းလင်းပြောကြားပြီးနောက် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၆) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးတို့နှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ် ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေခြည်