ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ နွေရာသီ ၃၈ ဖြာမင်္ဂလာတရားတော်၊ ဗုဒ္ဓဝင်နှင့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ဗိုလ်တထောင် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ်၌ နွေရာသီ ၃၈ ဖြာမင်္ဂလာတရားတော်၊ ဗုဒ္ဓဝင်နှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်က မာရာရိဇယရန်မျိုးအောင် ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချူပ် ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို) ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာအောင်ကိုဦးမှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို ၁၆.၃.၂၀၂၆ ရက်မှ စတင်၍ တစ်ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၈၀ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဝင်း (ပြန်/ဆက်)