လဲချားမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား/ကျောင်းသူများအား မုန့်နှင့်အချိုရည်များ လှူဒါန်း

လဲချား မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(လဲချား)စာစစ်ဌာနတွင် စတင်ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၁၁၀ ဦးတွင် လာရောက်ဖြေဆိုသူ ၁၀၆ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၄ ဦးရှိကြောင်း သိရသည်။

နောက်ဆုံးနေ့စာမေးပွဲကို အေးချမ်းစွာဖြေဆိုခဲ့သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကျောင်းသား/ကျောင်းသူများအတွက် အချိုရည်သောက်ရေသန့်နှင့်အာဟာရမုန့်များ စုပေါင်းပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)