လွိုင်လင် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီအနုပညာကိုစိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို (၃-၃-၂၀၂၆)ရက်နေ့ကစတင်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီဆရာဦးကျော်သက်က ပန်းချီပညာတွင် အခြေခံကျသည့်မျဉ်းကြောင်းရေးဆွဲနည်း၊ အလင်းအမှောင်၊ ပန်းချီပညာအယူအဆနှင့် ပန်းချီပညာ၏အခြေခံစည်းမျဉ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများ နားလည်သိရှိစေရန် မတ်လ(၃)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
(ခရိုင်/ပြန်ဆက်)