မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

မလှိုင် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုယ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာန (၅) ခုတို့တွင် ဖြေဆိုလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာတွင် မလှိုင်မြို့နယ်၌ စာစစ်ဌာန (၅) ခုဖြစ်သည့် အ.ထ.က (မလှိုင်) စာစစ်ဌာန၊ အ.ထ.က (မြို့သစ်) စာစစ်ဌာန၊ အ.ထ.က (ပန်းအိုင်) စာစစ်ဌာန၊ အ.ထ.က (ဆည်တို) စာစစ်ဌာနနှင့် အ.ထ.က (နှောကန်) စာစစ်ဌာနတို့ ဖြစ်သည်။

အဆိုပါစာစစ်ဌာန (၅) ခုတို့၌ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုကြရာ ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ ကျား (၅၉၂) ဦး၊ မ (၉၅၇) ဦး၊ စုစုပေါင်း (၁၅၄၉) ဦး စာရင်းသွင်းထားပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျား (၅၈၄) ဦး၊ မ (၉၄၁) ဦး၊ စုစုပေါင်း (၁၅၂၅)ဦး ရှိသည်။ ပျက်ကွက်သူ ကျောင်းသား (၈) ဦး၊ ကျောင်းသူ (၁၆) ဦး စုစုပေါင်း (၂၄) ဦး ရှိကြောင်းနှင့် ဘောဂဗေဒ ဘာသာရပ်ကိုဖြေဆိုရန် ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ ကျား (၃၂၁) ဦး၊ မ (၄၇၅) ဦး၊ စုစုပေါင်း (၇၉၆) ဦး စာရင်းသွင်းထားပြီး၊  ဝင်ရောက်ဖြေဆိုသူ ကျား (၃၁၅) ဦး၊ မ (၄၆၅) ဦး စုစုပေါင်း (၇၈၀) ဦး ရှိသည်။ ပျက်ကွက်သူ ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၁၀) ဦး၊ စုစုပေါင်း (၁၆) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)