ပြည်ကြီးတံခွန် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ယင်း စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ကျော် ဦး ဦးဆောင်၍ သန္ဓေ ၅ ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ၀န်ထမ်းများနှင့် မိသားစု၀င်များပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးရုံး၀န်းအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report applicationအား ထည့်သွင်းပေးခြင်းနှင့် ဟောပြောသရုပ်ပြများပြုလုပ်ခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)