မြင်းခြံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်နောက်ဆုံးရက်ဖြေဆို

မြင်းခြံ မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား ယနေ့နံနက် ၉ နာရီက စတင်၍ ဘောဂဗေဒဘာသာရပ်နှင့်ဇီဝဗေဒဘာသာရပ် နောက်ဆုံးနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ စာဖြေဌာန ဖွင့်လှစ်၍ ဖြေဆိုလျက်ရှိပြီး ကျောင်းသား(၁၈၃)ဦး၊ ကျောင်းသူ(၃၁၂)ဦး စုစုပေါင်း(၄၉၅)ဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲနောက်ဆုံးရက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်ကော်မတီဝင်များအနီးကပ် ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)