မိုင်းဖြတ် မတ် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အ.ထ.က(မိုင်းဖြတ်) စာစစ်ဌာနတွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၆၂)ဦး ဝင်ရောက်ဖြေဆိုပြီးဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၆.၈၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)