၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆိုပြီးစီး

ကျောက်ပန်းတောင်း မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် စက်မှုစိုက်ပျိူးမွေးမြူရေးအ.ထ.က(လက်ပံပျား)မှ သက်ဆိုင်ရာဘာသာရပ်များကို မတ် ၁၆ ရက်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုခဲ့ရာ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဖွင့်လှစ်ထားသည့် စာဖြေဌာန ၆ ခု၌  ရူပဗေဒဘာသာရပ်တွင် ၂၄၁၃ ဦး၊ သမိုင်းဘာသာရပ်တွင် ၅၇ ဦး၊ စက်မှုစိုက်ပျိုးမွေးမြူရေး အ.ထ.က (လက်ပံပျား)မှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင် ဖြေဆိုသူ ၅၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၅၂၂ ဦး ဝင်ရောက် ဖြေဆိုကြကြောင်းနှင့် အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)