ကျောက်ဆည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်ရေရရှိရေး နည်းလမ်းအလိုက် အမျိုးသားစီမံကိန်းလျာထားမှုဖြင့် သီးနှံစုံ ၃၁၄၅၃ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လျာထားစိုက်ပျိုးရာတွင် နွေစပါးများကို ဇော်ဂျီဆည်ရေဖြင့် ၁၀၀၀ ဧက၊ စက်ရေတွင်းဖြင့် ၅၃ ဧက၊ နွေနှမ်းများကို ဇော်ဂျီဆည်ရေဖြင့် ၂၃၇၃၀ဧက၊ ကင်းတားဆည်ရေဖြင့် ၆၂၇၀ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ သီးနှံများကို ကင်းတားဆည်ရေဖြင့် ၄၀၀ ဧကစုစုပေါင်း ၃၁၄၅၃ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လျာထားနွေသီးနှံများ ပြည့်ဝကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်များအလိုက် အလှည့်ကျရေပေးဝေရေးစသနစ်ဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)