ကျောက်ဆည်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၅ ခု၌ ဇီဝဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များတွင် ကျောင်းသား/ကျောင်းသူ ၂၀၃၃ ဦး ဖြေဆို

ကျောက်ဆည် ‌မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန ၅ ခု၌ ဇီဝဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များတွင် ကျောင်းသား/ ကျောင်းသူ ၂၀၃၃ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာ၌ အထက(၁)စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၆၈၉ ဦး၊ ဖြေဆို ကျောင်းသား၊ကျောင်းသူ ၆၃၂ ဦး၊ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၅၇ ဦး၊ အထက(၂)စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၅၆၈ ဦး၊ ဖြေဆိုကျောင်းသား၊ကျောင်းသူ ၅၃၄ ဦး၊ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၃၄ ဦး၊ အထက(၃)စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၃၉၀ ဦး၊ ဖြေဆိုကျောင်းသား၊ကျောင်းသူ ၃၆၉ ဦး၊ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၂၁ ဦး၊ အထက-မင်းစု စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၂၀ ဦး၊ ဖြေဆိုကျောင်းသား၊ကျောင်းသူ ၂၁၁ ဦး၊ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၉ ဦး၊ အထက-သံရွာ စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၉၇ ဦး၊ ဖြေဆိုကျောင်းသား၊ကျောင်းသူ ၂၈၇ ဦး၊ ပျက်ကွက် ကျောင်းသား၊ကျောင်းသူ ၁၀ ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)