မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာ/ ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

မော်လမြိုင်ကျွန်း မတ် ၁၆

၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင်စတင်ကျင်းပခဲ့ရာ ယနေ့နံနက် (၉)နာရီအချိန်က သမိုင်းဘာသာနှင့် ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲဖြေဆိုခွင့်မပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စာစစ်ဌာန (၈) ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူဦးရေ စာရင်းရှိ (၁၈၅၅) ဦး၊ ပျက်ကွက် (၁၂၄) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၇၃၁) ဦးရှိပြီး သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်တို့ကို တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၃.၃၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲကိုမောင်