ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ် (၆၇၇) ဦး ဖြေဆိုပြီးစီး

ချောင်းဆုံ မတ် ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီက (အထက)ချောင်းဆုံစာစစ်ဌာနတွင် ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၉၄) ဦး စာရင်းပေးသွင်းကြပြီး ရူပဗေဒဘာသာရပ် (၆၁၉) နှင့် သမိုင်းဘာသာရပ် (၅၈) ဦး ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၆၇၇) ဦး ဖြေဆိုမှု (၉၇.၅၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ သောက်ရေသန့်ဘူး များအား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်မှ (၁၇) ရက်နေ့အထိ (၆) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော်