ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

ပန်းတောင်း မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဗဟုသုတများ အချင်းချင်းနှီးနှောဖလှယ်ကြရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးလှကျော်က စာရေးဆရာ အောင်ကိုဦးရေးသားထားသော “လူငယ်တွေစဥ်းစားဖို့” စာအုပ်နှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေမြတ်နိုးသူများကလည်း ၎င်းတို့၏ အတွေးအမြင်များကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာ​ပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်ပြုလုပ်ဆောင်ရွက်လျက်​ရှိကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)