ကော့မှူးတွင် မော်တော်ယာဉ်များ သတ်မှတ်ချက်များ လိုက်နာဆောင်ရွက်ရေးအသိပညာပေး

ကော့မှူး မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မော်တော်ယာဉ်များ စုံရက်၊ မရက် သတ်မှတ်ချက်များအတိုင်း မောင်းနှင်စေရေးအတွက် အသိပညာပေးမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက မကျီးကန်ကျေးရွာတိုးဂိတ်၌ ဆောင်ရွက်နေကြကြောင်း သိရသည်။

အသိပညာပေးရာတွင် စုံရက်၊ မရက်သတ်မှတ်ရက်များတွင် မောင်းနှင်ခွင့်ရှိသည့် မော်တော်ယာဉ်များအနေဖြင့် သတ်မှတ်ချက်များကို လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး၊ ယခုကာလအတွင်း မော်တော်ယာဉ်များ မောင်းနှင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာက ထုတ်ပြန်ထားသော သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဉ်များ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသော မော်တော်ယာဉ် (၁၁၀) စီးခန့် စစ်‌ဆေးခြင်း ဆောင်ရွက်ခဲ့‌ကြကြောင်း သိရသည်။

ကျော်သူရ