နောင်ချိုမြို့နယ်၌ နွေရာသီအားကစားသင်တန်းဆင်းပွဲ ကျင်းပ

နောင်ချို မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ အားကစားများကို စိတ်ပါဝင်စားစွာဖြင့် စနစ်တကျလေ့လာနိုင်စေရန်၊ ကျန်းမားကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားဝန်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသူလေးများ၏ Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမှတ်(၂၉၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦစည်သူလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ  သင်တန်းနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊  ထူးချွန်သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ခဲ့ကြသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နွေရာသီ‌ကျောင်းပိတ် ရက်ကာလအတွင်း ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် စသည့် အားကစားနည်းများကို စနစ်တကျ  ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးသင်တန်းဆင်းပွဲ အခမ်းအနားသို့ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၁၂၀ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)