ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ကျိုက်ထို  မတ်   ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုမရှိစေရေးကို မတ် ၁၂ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် စက်သုံးဆီရောင်းဝယ်/သိုလှောင်ရေးဆိုင်ရာစည်းကမ်းများ၊ ဈေးနှုန်းမှန်ကန်စွာရောင်းချရေး၊ ပေပါများ၊ ပုံးများဖြင့် မရောင်းချရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးစနစ်များ ပြည့်စုံစွာဆောင်ရွက်ရေး၊ စက်သုံးဆီပြတ်တောက်မှုမဖြစ်စေရေး၊ စက်သုံးဆီရောင်းချမှုကို အကန့်အသတ်ဖြင့်ဆောင်ရွက်ရေးစသည်တို့ကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)