ကျောက်ဆည် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပရိုသီးဈေးနှုန်းမြှင့်တက်လာသဖြင့် သံပရိုစိုက်ပျိုးရောင်းချသူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ကျောင်းကုန်းကျေးရွာမှ သံပရိုစိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရှိရသည်။
သံပရိုသီးနှံစိုက်ပျိုးမည်ဆိုပါ အပင်ကိုင်းဖျာထွက်မှုကောင်းစေရေးနှင့် နေရောင်ခြည်အပြည့်အဝရှိစေရန်အတွက် အပင်ခြား၊ အတန်းခြား(၅)ပေမှ(၈)ပေ အကွာစိုက်ပျိုးကြကြောင်း၊ အပင်ကြီးထွားမှုနှင့် အသီးသီးနှုန်းကောင်းစေရန်အတွက် လိုအပ်သည့်အချိန်များတွင်ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်းရေတင်ပေးခြင်းနှင့် ပေါင်းမြက်၊ မလိုအပ်သည့်ကိုင်းများကို ရှင်းပေးရကြောင်း ဂရုပြုဆောင်ရွက်ရကြောင်း၊ စိုက်ပျိုးပါက အစေ့ပျိုးနှင့် ကိုင်းကူးမျိုးဟူ၍ (၂)မျိုးရှိကြောင်း သံပရိုသီးနှံစိုက်ပျိုးသူများအနေဖြင့် အစေ့ပျိုးပင်စိုက်ပျိုး ခြင်းထက် အသီးမြန်မြန်သီးသည့် ကိုင်းကူးမျိုးများပို၍စိုက်ပျိုးကြကြောင်း၊ ကိုင်းကူးမျိုးစိုက်ပျိုးပါက စိုက်ပျိုးပြီး(၈)လအရွယ်တွင် အပွင့်များစတင်ပွင့်ပြီး(၁)နှစ်အကြာတွင် အသီးများစတင်ခူးဆွတ် ရောင်းချရကြောင်း သိရှိရသည်။
သံပရိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့်နှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ်ရေသွင်းပေးရပြီး အပင်အပြုအစုကောင်းပါက နှစ်ပတ်လည်နီးပါးအသီးသီးကြောင်း သံပရိုသီးနှံတစ်ဧကစိုက်ပျိုးထားပြီး လက်လီရောင်းချမည်ဆိုပါက နေ့စဉ်နီးပါးခူးဆွတ် ရောင်းချနိုင်ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)