ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ  Grade-12 ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဆက်လက်ဖြေဆို

ပြည်ကြီးတံခွန် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်းက စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို Grade-12 ကျောင်းသား/ကျောင်းသူများက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိသည်။

အဆိုပါ ဖြေဆိုရာတွင် ပြည်ကြီးတံခွန်မြို့ နယ်အတွင်း၌ စာစစ်ဌာန ၃ ခုရှိပြီး စာရင်းရှိ ကျောင်းသား  ၈၁၂ ဦးနှင့် ကျောင်းသူ ၁၀၆၈ ဦး စုစုပေါင်း ၁၈၈၀ ရှိရာ လာရောက်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား   ၇၃၃ ဦးနှင့် ကျောင်းသူ ၁၀၂၅ ဦး စုစုပေါင်း ၁၇၅၈ ဦး ပျက်ကွက်စာရင်း စုစုပေါင်း ၁၂၂ ဦးရှိရာ ဖြေဆိုသည့် ရာခိုင်နှုန်း ၉၃ ဒသမ ၅၁ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)