ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဆက်လက်ဖြေဆို

ညောင်ဦး မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီက စတင်၍ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက် ဖြေဆိုလျက်ရှိသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) စာဖြေဌာန ဖွင့်လှစ်၍ ဖြေဆိုလျက်ရှိပြီး ကျောင်းသား (၄၄၀) ဦး၊ ကျောင်းသူ (၅၄၇) ဦး စုစုပေါင်း (၉၈၇) ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ကော်မတီဝင်များ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ဒီပါလင်း