ချမ်းအေးသာစံ မတ် ၁၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း လီမိတက်သဘာပတိ ဒေါ်ဝေဝေဖြိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ချမ်းမြသာစည်မြို့နယ် သမဝါယဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူသဲနွယ်က လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် အချိုးငွေခွဲဝေမှူစာရင်းများအား အုပ်ချုပ်မှုဒါရိုက်တာမှ ဖတ်ကြားခြင်း၊ ဒါရိုက်တာအဖွဲ့၏ ရှေ့လုပ်ငန်းစဥ်များအား စာရင်းစစ်မှဖတ်ကြားခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဥ်များအား အသင်းဝင်များထံမှ အတည်ပြုချက်ရယူခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော အသင်းဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး သဘာပတိ ဒေါ်ဝေဝေဖြိုးက နိဂုံးချုပ်စကားပြောကြားကာ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)