ကျောက်မဲ မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အားကစားကို ချစ်မြတ်နိုးတတ်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ နွေရာသီအားကစားသင်တန်းကိုဖွင့်လှစ်ပြီး အားကစားနည်း (၇)မျိုးကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁၀ ရက်အထိ နေ့စဉ် ညနေ ၃ နာရီမှ ၅ နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘောနှင့် ပြေးခုန်ပစ်သင်တန်းများကို ကျောက်မဲခရိုင် အားကစားကွင်းတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် (Aerobic) နှင့် Fitness Dance သင်တန်းများကို ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမတွင်လည်းကောင်း သင်ကြားပို့ချပေးလျက်ရှိသည်။
သင်တန်းများတွင် ကျောင်းသား၊ ကျောင်းသူ သင်တန်းသား/သူ ၁၀၀ ကျော် တက်ရောက်လေ့လာသင်ယူလျက်ရှိပြီး သင်တန်းပြီးဆုံးပြီးနောက် တောင်ကြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တက်ရောက်လိုသည့် လူငယ်များကိုလည်း ဆက်လက်လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)