မိုင်းခတ် မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ အလင်းသစ်စာကြည့်တိုက်၌ နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း ဟောပြောပြီး ကျောင်းသားမိဘများအား စာကြည့်တိုက်ရေရှည်ရှင်သန်ရေးအတွက် ရပ်ရွာမှ ဝိုင်းဝန်းဆောင်ရွက်ပေးရေးနှင့် စာဖတ်ဝါသနာပါသူများအား စည်းရုံး၍ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ စာပေများ လေ့လာဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးပြီး ဆုများပေးအပ်ချီးမြှင့်ကာ သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသရာ တက်ရောက်လာကြသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)