ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း (Women Club) နှင့် လူငယ်များအသင်း (Youth Club) ဖွဲ့စည်းနိုင်ရန်အတွက် အစည်းအဝေးပြုလုပ်

ဟိုပုံး မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များအသင်း (Youth Club)ဖွဲ့စည်းနိုင်ရန်အတွက် အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက အမျိုးသမီးများအသင်း(Women Club)နှင့် လူငယ်များ အသင်း (Youth Club) ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်များက လူငယ်များအသင်း(Youth Club)နှင့် အမျိုးသမီးများအသင်း (Women Club) ဖွဲ့စည်းနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသမီးများအသင်း (Women Club)ကို အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတမြင့်မားရေးအတွက်လည်းကောင်း၊ အမျိုးသမီးအခွင့်အရေးများ ကာကွယ်ရေးနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း၊ အမျိုးသမီးအသင်း(Women Club) များဖွဲ့စည်း၍ အမျိုးသမီးနှင့်ကလေးသူငယ်ဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်ပေးရန်နှင့် လူငယ်များအသင်း(Youth Club)အသင်းကို လူငယ်များ၏အသိပညာမြင့်မားရေး၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ရေးအတွက် ဝါသနာတူလူငယ်များစုစည်း၍ လူငယ်အသင်း(Youth Club)များ ဖွဲ့စည်းတည်ထောင်ကာ လူငယ်များအရေးလှုပ်ရှားမှုများကို ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)