ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကျင်းပ

ကျိုင်းတုံ မတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို မတ် ၈ ရက်နေ့က ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နယ်မှ အမျိုးသမီးငယ်များက တေးသီချင်းအကများဖြင့် ကပြဖျော်ဖြေတင်ကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)