မက်မန်း မတ် ၁၀
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အ.မ.က(ခွဲ) (မွတ်နိုး) ကျေးရွာတွင် (R.C) တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်စီရေမြောင်းတည်ဆောက်ခြင်း၊ လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ တည်ဆောက်နေမှုနှင့် တည်ဆောက်ပြီးစီးမှုတို့ကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အ.မ.က(ခွဲ) (မွတ်နိုး) ကျေးရွာတွင်(အလျား ၆၀ ပေ × အနံ ၃၀ ပေ) (R.C) တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် (အရှည် ၁၁၉၀ ပေ × အကျယ် ၁၈ ပေ × ထု ၉ လက်မ) ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှုကိုလည်းကောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အရှည် ၇၂၇ ပေရှိ ကျောက်စီရေမြောင်းတည်ဆောက်ခြင်းကိုလည်းကောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေေဖြင့် ဆောင်ရွက်ခဲ့သည့် နားလုံရွာထွက် (နမ့်ရချောင်းတံတား) ပေ (၆၀) ဘေလီတံတား တည်ဆောက်ပြီးစီးမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတို့က လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ မက်မန်း - မိုင်းပျဉ်းလမ်းပိုင်းပေါ်ရှိ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သတ်မှတ်ညွှန်ကြားချက်နှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား တစ်ပြေးညီ ပြည့်စုံညီညွှတ်မှန်ကန်မှုရှိစေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)